“အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတဲ့ မြန်မာအမျိုးသမီးအသင်း”
12 Dec
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအနေနဲ့ ချန်ပီယံဗီယက်နမ်အမျိုးသမီးအသင်းကို အကောင်းဆုံးပုံစံ တွေနဲ့ ယှဉ်ပြိုင်ကစားခဲ့ပေမယ့် ပွဲပြီးဆုံးချိန်မှာ ၂ ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုတွင်းအဆင့်ကနေသာ ထွက်ခွာ ခဲ့ရပြီ ဖြစ်ပါတယ်။ အဆိုပါပွဲမှာ မြန်မာအသင်းဟာ ဗီယက်နမ်အသင်းကို ပထမပိုင်းပွဲချိန် ၈ မိနစ်နဲ့ ၁၃ မိနစ်အချိန်မှာ ဦးဆောင် ဂိုးတွေ ဆက်တိုက်ပေးခဲ့ရပါတယ်။ မြန်မာအသင်းက ချေပဂိုး ပြန်လည်သွင်းယူနိုင်ခြင်း မရှိတာကြောင့် ၂ဂိုး၊ ဂိုးမရှိနဲ့ ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ အုပ်စု(ခ)မှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားအသင်းတို့နှင့်အတူ ယှဉ်ပြိုင် ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)
12 Dec