“မြန်မာနိုင်ငံအတွက် တတိယမြောက်ငွေတံဆိပ်ဆုကို ကနူးလှေလှော်ပြိုင်ပွဲမှာ မျိုးလှိုင်ဝင်း ဆွတ်ခူး”
12 Dec
ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ (၃၃)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် တတိယမြောက် ငွေတံဆိပ်ဆုကို မျိုးလှိုင်ဝင်း က ကနူးတစ်ယောက်လှော် မီတာ ၅၀၀ ပြိုင်ပွဲကနေ ရယူပေးခဲ့ကြောင်း သိရပါတယ်။ ရွှေတံဆိပ်ဆုကို အိမ်ရှင်ထိုင်းကစားသမား ပစ်ပီဘွန်း က စံချိန် ၀၁ : ၅၈ : ၃၁၄ မိနစ်နဲ့ရရှိခဲ့ပြီး မျိုးလှိုင်ဝင်း က စံချိန် ၀၁ : ၅၈ : ၇၇၃ မိနစ် နဲ့ ငွေတံဆိပ်ဆုရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအားကစားအဖွဲ့ဟာ ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၆ ခု၊ ကြေး ၂ ခု ရရှိထားပြီဖြစ်ကြောင်း သိရပါတယ်။ (NVS 008)
12 Dec