“မီတာ ၁၀၀ ကို ၁၀ စက္ကန့်အောက်ပြေးနိုင်တဲ့ ပထမဆုံးအရှေ့တောင်အာရှကစားသမားအဖြစ် ထိုင်းအပြေးသမား မှတ်တမ်းဝင်”
12 Dec
ထိုင်းအပြေးသမား ပူရီပေါလ်ဘွန်ဆွန် ဟာ ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲ မီတာ ၁၀၀ ပွဲစဉ်မှာ ၁၀ စက္ကန့်အောက် ပြေးနိုင်တဲ့ ပထမဆုံး အရှေ့တောင်အာရှကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် ဘွန်ဆွန် ဟာ heat အဆင့်မှာ ၉ ဒသမ ၉၄ စက္ကန့် ပြေးနိုင်ခဲ့ပြီး မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခင်က အရှေ့တောင်အာရှအပြေးသမားတွေထဲမှ အမြန်ဆုံးအဖြစ် အင်ဒိုနီးရှားနိုင်ငံသား ဇိုရီ က ၂၀၁၉ Seiko Golden Grand Prix မှာ ၁၀ ဒသမ ၀၃ စက္ကန့်စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိကျင်းပလျက်ရှိတဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲ Final ပွဲစဉ်မှာလည်း ဘွန်ဆွန် က ၁၀ စက္ကန့်နဲ့ပြေးပြီး ရွှေတံဆိပ် ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဘွန်ဆွန် ဟာ ၂၀၀၉ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ အင်ဒိုနီးရှားအပြေးသမား ဝီဘိုဝို တင်ရှိခဲ့တဲ့ ၁၀ ဒသမ ၁၇ စက္ကန့်ကိုကျော်ဖြတ်ကာ ပြိုင်ပွဲစံချိန်သစ်လည်း တင်နိုင်ခဲ့ပါတယ်။ (NVS 008)