“စီးရီးအေမှာ အကောင်းဆုံးဆုရရှိတဲ့ ပထမဆုံးအင်္ဂလန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဗာဒီ”

12 Dec

ခရီမိုနီဆီအသင်းရဲ့ တိုက်စစ်မှူး ဗာဒီ ဟာ နိုဝင်ဘာလအတွက် စီးရီးအေအကောင်းဆုံးကစားသမားဆုရရှိခဲ့ပြီး စီးရီးအေပြိုင်ပွဲမှာ အဆိုပါဆုကိုရရှိတဲ့ ပထမဆုံးအင်္ဂလန်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ခရီမိုနီဆီအသင်းဟာ နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေ ၃ ပွဲစလုံး ရှုံးနိမ့်ခဲ့ပေမယ့် ဗာဒီ က ဂျူဗင်တပ်စ်နဲ့ပွဲမှာ တစ်ဂိုးသွင်းယူပြီး နိုဝင်ဘာလအတွင်း ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့မဲပေးမှုနဲ့ ရွေးချယ်တဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဗာဒီ ဟာ လက်ရှိအချိန်မှာ ခရီမိုနီဆီအသင်းအတွက် ၁၀ ပွဲကစားပြီး ၄ ဂိုးသွင်းယူထားပါတယ်။ စီးရီးအေ ပြိုင်ပွဲမှာ လအလိုက်အကောင်းဆုံးကစားသမားဆုကို ၂၀၁၉ ခုနှစ်မှစတင်ကာ ချီးမြှင့်ခဲ့တာဖြစ်ပြီး ဗာဒီ မတိုင်ခင် အင်္ဂလန်ကစားသမားတွေထဲက တစ်ဦးတစ်ယောက်မှ ရရှိခဲ့ဖူးခြင်း မရှိသေးတာဖြစ်ပါတယ်။ (NVS 008)

12 Dec

ADVERTISE HERE .