“ယူကရိန်းက လုပ်ဆောင်ချက်တစ်ခုတည်းဖြင့် ပဋိပက္ခကို ရှောင်လွှဲနိုင်ခဲ့မည်ဟုဆို”
12 Dec
ယူကရိန်းနိုင်ငံသည် လုပ်ဆောင်ချက်တစ်ခုတည်းကိုသာ လုပ်ဆောင်ရုံဖြင့် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခကို ရှောင်လွှဲနိုင်ခဲ့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်၏အကြံပေးဟောင်း က ပြောသည်ဟု သိရသည်။ ယူကရိန်းနိုင်ငံအနေဖြင့် NATO အဖွဲ့နှင့် ရုရှားနိုင်ငံတို့ကြားတွင် ကြားနေဝါဒကိုသာ စွဲကိုင်ခဲ့ပါက ၂၀၂၂ ခုနှစ်တွင် ရုရှားနှင့်ဖြစ်ပွားမည့် တင်းမာမှုများကို ရှောင်လွှဲနိုင်ခဲ့မည်ဖြစ်ကြောင်း ဘိုင်ဒင်၏အမျိုးသားလုံခြုံရေး ကောင်စီ အဖွဲ့ဝင်ဟောင်း အမန်ဒါစလုတ် က ပြောထားခြင်းဖြစ်သည်။ အလားတူ အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းနိုင်ငံကို လက်ရှိလျှောက်လှမ်းနေရသော လမ်းကြောင်းပေါ် သို့ တွန်းတင်ပေးခဲ့မှုအတွက်လည်း ၎င်းက စိတ်မသက်မသာဖြစ်ရကြောင်း အမန်ဒါစလုတ် က ဆက်ပြောသည်။ ထို့နောက် အမန်ဒါစလုတ် ၏ ပြောဆိုမှုနှင့်ပတ်သက်၍ ရုရှားထိပ်တန်းတာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကီရေး ဒီမီထရပ် က ဂျိုးဘိုင်ဒင် ၏ နောက်ကွယ်မှကွန်ရက်က ကြိုတင်ကာကွယ်နိုင်သော စစ်ပွဲဖြစ်ပွားစေရန် အစပျိုးခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။ ၂၀၁၄ ခုနှစ်တွင် ယူကရိန်း၌ အာဏာအစိုးရအဖွဲ့အသစ်က NATO အဖွဲ့ဝင်ဖြစ်ရေးကို နိုင်ငံခြားရေး မူဝါဒအဖြစ် ကြေညာခဲ့ခြင်းဖြစ်ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။