“ဂျပန်ဗီဇာ လျှောက်ထားမှုများ စတင်လက်ခံဆောင်ရွက်”

12 Dec

ဂျပန်နိုင်ငံသို့သွားရောက်ရန်အတွက် ဗီဇာလျှောက်ထားခြင်းလုပ်ငန်းများကို ဒီဇင်ဘာလ ၁၁ ရက်မှစတင်၍ လက်ခံဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ်လမ်းထောင့်၊ အမှတ်(၁၁) ကန်တော်ကြီးအနီးရှိ (Kan Thar Yar Centre)တွင် ဖွင့်လှစ်ထားသော ဂျပန်ဗီဇာလျှောက်ထားရေးစင်တာ(Japan Visa Application Centre-JVAC)မှာ ဗီဇာလျှောက်ထားခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရပါတယ်။ ဗီဇာလျှောက်ထားတဲ့အခါ သံရုံးတွင်ပေးဆောင်ရမည့် ဗီဇာကြေးနှင့် ၎င်းစင်တာအသုံးပြုရန် ဝန်ဆောင်ခ ကျသင့်ငွေကို ဗီဇာလျှောက်ထားချိန်တွင် ပေးချေရမှာဖြစ်ပါတယ်။ ဗီဇာလျှောက်ထားခြင်းကို တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၈ ခွဲမှ ညနေ ၅ ခွဲအတွင်း လျှောက်ထား နိုင်ပြီး ဗီဇာထုတ်ပေးခြင်းလုပ်ငန်းစဥ်များကို တနင်္လာနေ့မှ သောကြာနေ့ နံနက် ၉ မှ ညနေ ၅ နာရီအထိ လုပ်ဆောင် ပေးသွားမှာဖြစ်ပါတယ်။ ဗီဇာလျှောက်ထားလိုသူများအနေနဲ့ ဂျပန်ဗီဇာလျှောက်ထားရေးစင်တာ၏ အကူအညီရယူ လိုပါက တယ်လီဖုန်းနံပါတ် ၀၉-၇၈၃ ၄၆၉ ၃၇၆၊ ၀၉-၇၆၀ ၉၆၆ ၆၆၁၊ ၀၉-၇၆၀ ၉၆၆ ၆၆၂ သို့ဖြစ်စေ အီးမေးလ် [email protected] သို့ဖြစ်စေ ဆက်သွယ်အကူညီရယူနိုင်ကြောင်း သိရပါတယ်။ (NVS 004 )

12 Dec

ADVERTISE HERE .