“မြန်မာ့လက်ဖက်ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းနိုင်ရေး ဆောင်ရွက်”

12 Dec

မြန်မာ့လက်ဖက်ကို လူသားမျိုးနွယ်ဆိုင်ရာကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါတယ်။ လက်ဖက်ယဉ်ကျေးမှုကို UNESCO ၏ လူသားမျိုးနွယ်ဆိုင်ရာကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ် အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ က ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းအဖြစ် တင်သွင်းနိုင်ရေးအတွက် ၂၀၀၃ ကွန်ဗင်းရှင်းမှာ အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၁၄ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ လူသားမျိုးနွယ်ဆိုင်ရာကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တင်သွင်းမည်ဆိုပါက တင်သွင်းမည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်က အမျိုးသားအဆင့် စာရင်းဝင်ရမည် ဖြစ်ကြောင်းနှင့် ယူနက်စကိုသို့တင်သွင်းမည့် လက်ဖက်ယဉ်ကျေးမှုနှင့် ပတ်သက်သည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ခေါင်းစဉ်အမည် သတ်မှတ်နိုင်ရေး မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ မြန်မာနိုင်ငံ လက်ဖက်အသင်း(ရန်ကုန်၊မန္တလေး)နှင့် ဝန်ကြီးဌာနကျွမ်းကျင်ပညာရှင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေ လိုကြောင်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံလက်ဖက်အသင်း(ရန်ကုန်)နှင့်ပူးပေါင်း၍ ယူနက်စကိုသတ်မှတ်ပုံစံ ICH-02 Form အား ဖြည့်သွင်း လျက်ရှိကြောင်း၊ မြန်မာနိုင်ငံလက်ဖက်အသင်းအနေနဲ့ Consent Letter and Video၊ Statement Letter and Video များရယူနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တင်သွင်းမည့်ခေါင်းစဉ်(Element)အနေနဲ့ လက်ဖက်စိုယဉ်ကျေးမှုဟု လျာထားသတ်မှတ်ထားကြောင်း သိရပါတယ်။ (NVS 004 )

12 Dec

ADVERTISE HERE .