“တာ့ခ်မင်နစ္စတန်နိုင်ငံသမ္မတနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး”
12 Dec
တာ့ခ်မင်နစ္စတန်နိုင်ငံ၏ အမြဲတမ်းကြားနေမူဝါဒ နှစ်(၃၀)ပြည့်အထိမ်းမှတ်အခမ်းအနားကို အက်ရှ်ဂါဘတ်မြို့ မှာ ဒီဇင်ဘာလ ၁၁ ရက် မနက်ပိုင်းမှာကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ပါဝင်တက်ရောက်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားသို့ နိုင်ငံတကာမှ ခေါင်းဆောင်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်ခေါင်းဆောင်များ ပါဝင်တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားတက်ရောက်ခဲ့တဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က တာ့ခ်မင်နစ္စတန်နိုင်ငံသမ္မတ H.E Mr. Serdar Berdimuhamedov နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ၊ နိုင်ငံတကာစာမျက်နှာမှာ အပြု သဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်အရှိန်မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများကို လည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ (NVS 004 )