“မန္တလေးတိုင်းဒေသကြီးတွင် ရွေးကောက်ပွဲအပိုင်း(၁)ကျင်းပရန် လျာထားမဲရုံပေါင်း ၁,၂၄၂ ရုံရှိ”
12 Dec
မန္တလေးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ် ၈ မြို့နယ်၌ ကျင်းပမည်ဖြစ်ကာ လျာထား မဲရုံပေါင်း ၁,၂၄၂ ရုံရှိတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ ၁၁ ရက်တွင် အပိုင်း(၂)ကို မြို့နယ် ၉ မြို့နယ်၌ ကျင်းပသွားမှာဖြစ်ပြီး လျာထားမဲရုံပေါင်း ၁,၀၇၃ ရုံဖြင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အပိုင်း(၃) ကျင်းပမည့်ရက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ကြေညာသွားမည်ဖြစ်ကာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလည်း ပြုလုပ်ကာ ဆောင်ရွက်သင့်သည်များ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 004 )
12 Dec