ကုန်ဈေးနှုန်းသတင်း ၁၁.၁၂.၂၀၂၅
11 Dec
ဒီဇင်ဘာလ ၁၁ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲ၊ ပဲစင်းငုံနီနဲ့ ကြက်သွန်နီဈေးတွေ ဆက်တိုက် မြင့်တက်နေသလို ဘိုကိတ်ပဲနဲ့ အာလူးဈေးတွေလည်း အနည်းငယ် တက်လာပါတယ်။ ပဲပုပ်ဈေးကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ ကြက်သွန်ဖြူ၊ ထန်းလျက်နဲ့ သကြားဈေးတွေ ကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၀,၀၃၂ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၉၉,၆၇၅ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၅၄၀ ကျပ်ကနေ ၄,၅၇၅ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၈၅,၉၈၂ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၅,၆၆၅ ကျပ်ကနေ ၅,၆၈၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၁၆၅ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄၀၀၀ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၈,၈၄၅ ကျပ်ကနေ ၁၀,၆၂၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၃,၁၅၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၀၈၀ ကျပ်ကနေ ၃,၆၇၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၄,၁၆၅ ကျပ်ကနေ ၁၅,၀၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၄၄၀ ကျပ်ကနေ ၁,၄၆၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၆,၁၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၅,၀၅၀ ကျပ်ကနေ ၅,၁၃၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၄၀၀ ကျပ်ကနေ ၂,၂၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၁၈,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၂၀၀ ကျပ်ကနေ ၇,၂၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၁၀,၅၀၀ ကျပ်၊ သကြား တစ်ပိဿာ ကို ၃,၇၀၀ ကျပ်ကနေ ၄,၁၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၅,၈၀၀ ကျပ်၊ ငါးရောင်ကြီး တစ်ပိဿာကို ၆၀,၀၀၀ ကျပ်ကနေ ၆၅,၀၀၀ ကျပ်၊ ငါးရောင်လတ် တစ်ပိဿာကို ၅၀,၀၀၀ ကျပ်ကနေ ၅၅,၀၀၀ ကျပ် ငါးရောင်သေး တစ်ပိဿာကို ၇,၀၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ် ဖြစ်ပေါ်နေပါ တယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၁၂ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၀၂၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၁၃၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၅၂၅ ကျပ်၊ မန္တလေးမှာ ၂,၆၄၀ ကျပ်၊ နေပြည်တော်မှာ ၂,၆၀၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၆၁၀ ကျပ်၊ မန္တလေးမှာ ၂,၇၂၅ ကျပ်၊ နေပြည်တော်မှာ ၂,၆၉၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၃၃၀ ကျပ်၊ မန္တလေးမှာ ၂,၄၄၅ ကျပ်၊ နေပြည်တော်မှာ ၂,၄၁၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၈၀၅ ကျပ်၊ မန္တလေးမှာ ၂,၉၂၀ ကျပ်၊ နေပြည်တော်မှာ ၂,၈၈၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၉၈၀,၀၀၀/-) ငါးဆယ် ကိုးသိန်း ရှစ်သောင်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၈,၈၄၀,၀၀၀ိ/-) ရှစ်ဆယ် ရှစ်သိန်း လေးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။