“သမိုင်းဝင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး (၄၂)ကြိမ်မြောက် အဘိဓမ္မာခုနစ်ကျမ်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပမည်”
11 Dec
ပုဇွန်တောင်မြို့နယ် အမှတ်(၇) ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့် စေတီတော် မြတ်ကြီးတွင် (၄၂)ကြိမ်မြောက် အဘိဓမ္မာခုနစ်ကျမ်း ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၄ ရက်မှ ဇန်နဝါရီလ ၂ ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၏ အဘိဓမ္မာခုနစ်ကျမ်း ရွတ်ဖတ်ပူဇော်ပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ်မှာလည်း (၄၂)ကြိမ်မြောက်အဖြစ် အစဉ်အလာမပျက် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ အဆိုပါ အဘိဓမ္မာခုနစ်ကျမ်းရွတ် ဖတ်ပူဇော်ပွဲသို့ ကုသိုလ်ပြုပါဝင်လှူဒါန်းလိုသော ကုသိုလ်ရှင်များအနေနဲ့ ရွှေဘုန်းပွင့်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးသို့ ကိုယ်တိုင်(သို့မဟုတ်) ဖုန်း ဝ၉-၅၀၄၈၇၂၃၊ ၀၉-၅၁၀၉၁၆၀၊ ၀၉-၂၅၄၂၀၀၁၄၆ သို့ ဆက်သွယ်မေးမြန်း လှူဒါန်းနိုင်ပါကြောင်း သိရပါတယ်။ (NVS-004)
11 Dec