“နေပြည်တော်ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာအားလုံးကို လာမည့် ၂၀၂၆ ခုနှစ် ဧပြီလတွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် မျှော်မှန်း”
11 Dec
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဟိုတယ်နှင့် တည်းခို ရိပ်သာအားလုံးကို လာမည့် ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(နေပြည်တော်)မှ သိရပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဟိုတယ်နှင့်တည်းခိုရိပ်သာ စုစုပေါင်း ၁၀၇ လုံး၊ အခန်းပေါင်း ၆,၄၀၀ ကျော်ရှိကာ လက်ရှိတွင် ထိခိုက်မှုရှိခဲ့တဲ့ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဟိုတယ်နှင့်တည်းခိုရိပ်သာများကို ပြန်လည်ပြုပြင်မှု ၈၂ ရာခိုင်နှုန်းခန့် ပြီးစီးထားပြီဖြစ်လို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားများအနေနဲ့ လုံခြုံစိတ်ချစွာ ပြန်လည်တည်းခိုနိုင်ပြီ ဖြစ်ပါတယ်။ အဆိုပါ ဟိုတယ်နှင့်တည်းခိုရိပ်သာများ ပြင်ဆင်မှုကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ SOP နှင့်အညီ စနစ်တကျ ပြန်လည်ဖွင့်လှစ်နိုင်ရေးကို ဆောင်ရွက်လျက်ရှိပြီး ယခုပွင့်လင်းရာသီတွက် နေပြည်တော်ရှိ သက်ဆိုင်ရာ ဟိုတယ်များအလိုက် ဒီဇင်ဘာလပရိုမိုးရှင်းအနေနဲ့ ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း အစရှိသဖြင့် Discount များပေးကာ ခရီးသွားများကို ဖိတ်ခေါ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS-004)