“၂၀၂၅ ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ထိုင်းနဲ့ အင်ဒိုနီးရှား ဆီမီးဖိုင်နယ်တက်ရောက်”
11 Dec
၂၀၂၅ ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့ အုပ်စု(A) နောက်ဆုံးပွဲစဥ်ကို ယှဥ်ပြိုင်ခဲ့ရာမှာ ထိုင်းက စင်ကာပူ ကို ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် အိမ်ရှင်ထိုင်းအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အဆိုပါအုပ်စု(A)မှာ ထိုင်း၊ အင်ဒိုနီးရှားနဲ့ စင်ကာပူ သုံးသင်းသာ ယှဥ်ပြိုင်ခဲ့ရပြီး အိမ်ရှင်ထိုင်းအသင်းက နှစ်ပွဲ စလုံး အနိုင်ရရှိခဲ့တာကြောင့် ရမှတ် ၆ မှတ်နဲ့ အုပ်စုပထမနေရာရရှိခဲ့ပြီး အင်ဒိုနီးရှားက ရမှတ် ၃ မှတ်နဲ့ အုပ်စုဒုတိယ ရရှိခဲ့တာ ဖြစ်ပါတယ်။ အုပ်စု(B)မှာ ပြတ်သားတဲ့ရလဒ်တွေ မရှိသေးတာကြောင့် အုပ်စုနောက်ဆုံးပွဲစဥ်တွေအထိ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အုပ်စု(B) က မည်သည့်အသင်းတွေ ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရမလဲဆိုတာ ဒီဇင်ဘာလ ၁၄ ရက်မှာ ယှဥ်ပြိုင်မယ့်ပွဲစဉ်များကို စောင်ကြည့်ရမှာ ဖြစ်ပါတယ်။ အုပ်စု(B)မှာ မြန်မာအသင်းက ရမှတ် ၆ မှတ်နဲ့ ဦးဆောင်လျက်ရှိပြီး ဗီယက်နမ်၊ ဖိလစ်ပိုင်အသင်းတို့က ရမှတ် ၃ မှတ်စီနဲ့ ရပ်တည်နေပါတယ်။ (NVS 008)