“မြန်မာအားကစားအဖွဲ့က ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဒီဇင်ဘာ ၁၀ ရက်အထိ ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၁ ခု ရရှိထား”
11 Dec
၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ မြန်မာအားကစားအဖွဲ့ဟာ ဒီဇင်ဘာလ ၁၀ ရက် ပြိုင်ပွဲများ အပြီးမှာ ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၁ ခု ရရှိထားကြောင်း သိရပါတယ်။ မြန်မာအားကစားအဖွဲ့အတွက် ရွှေတံဆိပ် ၂ ခုကို အမျိုးသားခြင်းလုံးနဲ့ အမျိုးသမီးခြင်းလုံးပြိုင်ပွဲများမှာ ရရှိခဲ့ပြီး ငွေတံဆိပ် ၄ ခုကိုတော့ အမျိုးသားကွင်းသွင်းခြင်းခတ်၊ အမျိုးသမီးကွင်းသွင်းခြင်းခတ်၊ ကနူးလှေ တစ်ယောက်လှော် မီတာ ၅၀၀ မှာ မျိုးလှိုင်ဝင်းနဲ့ ပီတန်းအမျိုးသမီး Shooting ပြိုင်ပွဲမှာ ခင်ချယ်ရီသက် တို့က ရယူပေးခဲ့ပါတယ်။ ကြေးတံဆိပ်ဆုကိုတော့ တိုက်ကွမ်ဒို Freestyle Poomsae- Mixed Team ပြိုင်ပွဲမှာ ရရှိခဲ့ကြောင်း သိရပါတယ်။ (NVS 008)
11 Dec