“ပရီးမီးယားလိဂ်ပွဲစဉ်(၁၅)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရတဲ့ ဘရူနိုဖာနန်ဒက်စ်”
11 Dec
မန်ယူအသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ် ဟာ ပရီးမီးယားလိဂ်ပွဲစဥ်(၁၅)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ်ပွဲစဥ်(၁၅)မှာ မန်ယူအသင်းက ဝုလ်ဗ်အသင်းကို ၄ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဘရူနိုဖာနန်ဒက်စ် က နှစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးကာ ခြေစွမ်းပြခဲ့တာကြောင့် အခုလိုရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါဆု ကို ပရိသတ်တွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်ခြင်းဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ် က ဆန္ဒမဲ ၅၀ ရာခိုင်နှုန်းရရှိခဲ့ပါတယ်။ ဒုတိယ မဲအများဆုံးရရှိခဲ့သူက မန်စီးတီးအသင်းတိုက်စစ်ကစားသမား ချာကီ က ၁၄ ရာခိုင်နှုန်းရရှိခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ် ဟာ ၎င်းဆုကို ဒုတိယအကြိမ်ရရှိခဲ့တာဖြစ်ပြီး ချဲလ်ဆီးကွင်းလယ်ကစားသမား ကိုင်စီဒို ကလည်း နှစ်ကြိမ်ရရှိထားကြောင်း သိရပါတယ်။ (NVS 008)
11 Dec