“ဆီးဂိမ်းစ်ပြိုင်ပွဲဝင်ရန် ပြေးခုန်ပစ်၊ ကရာတေး၊ ဂျူဒို၊ ရွက်လှေအားကစားအဖွဲ့များ ဆက်လက်ထွက်ခွာ”
11 Dec
၂၀၂၅ ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲဝင်ရန် မြန်မာနိုင်ငံမှ ပြေးခုန်ပစ်၊ ကရာတေး၊ ဂျူဒို၊ ရွက်လှေအားကစားအဖွဲ့များ ဒီဇင်ဘာလ ၁၀ ရက်မှာ ထွက်ခွာသွားကြပြီဖြစ်ကြောင်း သိရပါတယ်။ မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့တွင် အုပ်ချုပ်၊ နည်းပြနဲ့ ကစားသမား ၁၀ ဦး၊ ဂျူဒိုအားကစားအဖွဲ့တွင် အုပ်ချုပ်၊ နည်းပြနဲ့ ကစားသမား ၁၇ ဦး၊ ကရာတေးအားကစားအဖွဲ့မှာ အုပ်ချုပ်၊ နည်းပြနဲ့ ကစားသမား ၁၂ ဦး၊ ရွက်လှေအားကစားအဖွဲ့မှာ အုပ်ချုပ်၊ နည်းပြနဲ့ ကစားသမား ၁၇ ဦးတို့ လိုက်ပါသွားကြကြောင်း သိရပါတယ်။ ၂၀၂၅ ထိုင်းဆီးဂိမ်းစ်ရဲ့ ပြေးခုန်ပစ်၊ ကရာတေး၊ ဂျူဒိုအားကစားပြိုင်ပွဲများကို ဘန်ကောက်မြို့နဲ့ ရွက်လှေ အားကစားပြိုင်ပွဲကို ချောင်ဘူရီမြို့တို့မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းစ် ပြိုင်ပွဲမှာ မြန်မာဂျူဒိုအားကစားအဖွဲ့က ငွေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၃ ခု၊ ပြေးခုန်ပစ်အားကစားအဖွဲ့က ကြေးတံဆိပ် ၂ ခု ဆွတ်ခူးရရှိထားခဲ့ကြောင်း သိရပါတယ်။ (NVS 008)