“လမ်းခရီးကြန့်ကြာမှုကြောင့် ဖရဲ၊ သခွားများ ဈေးကောင်းမရဖြစ်နေ”

11 Dec

ပြည်တွင်းမှာ စိုက်ပျိုးထွက်ရှိတဲ့ ဖရဲ၊ သခွားများကို တရုတ်နိုင်ငံသို့ တင်ပို့ရာမှာ လမ်းခရီးကြန့်ကြာမှုကြောင့် ဈေးကောင်းမရဖြစ်နေကြောင်း သစ်သီးပွဲရုံများကနေ သိရပါတယ်။ မြန်မာ့ဖရဲနှင့် သခွားမွှေးများကို မိုင်းလား-တာလော့မှတစ်ဆင့် တင်ပို့နေပြီး လမ်းကြောင်းရှည်လျားမှုကြောင့် ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် ရာသီဥတုနှင့် လမ်းခရီးကြန့်ကြာမှုများကြောင့် တရုတ်ဈေးကွက်သို့ ရောက်ရှိချိန် နောက်ကျခဲ့ရပြီး သီးနှံအရည်အသွေးများ ကျဆင်းသွားခဲ့လို့ ဈေးကောင်းမရရှိတာဖြစ်ပါတယ်။ လက်ရှိတွင် မိုင်းလား-တာလော့ဈေးကွက်မှာ မိုးဖရဲသီး တစ်တန်ကို ယွမ် ၄,၀၀၀ နှင့် ယွမ် ၅,၀၀၀ ဝန်းကျင်၊ မိုးသခွားမွှေး တစ်တန်ကို ယွမ် ၃,၀၀၀ နှင့် ယွမ် ၄,၀၀၀ ကြားသာ ရရှိနေပါတယ်။ ယခင်က တရုတ်ဈေးကွက်သို့ သစ်သီးများတင်ပို့ရာတွင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ ကျင်စန်းကျော့ ဂိတ်မှတစ်ဆင့် တင်ပို့ခဲ့ပြီး ဈေးကောင်းရရှိခဲ့ကြောင်း သိရပါတယ်။ (NVS 004)

11 Dec

ADVERTISE HERE .