“သီတဂူဗုဒ္ဓတက္ကသိုလ်(စစ်ကိုင်း)၏ ဘွဲ့နှင်းသဘင်ခန်းမဆောင်အသစ် တည်ဆောက်ရန် စတင်ဆောင်ရွက်”
11 Dec
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(စစ်ကိုင်း)၏ ဘွဲ့နှင်း သဘင်ခန်းမဆောင်ကို အသစ်ပြန်လည်တည်ဆောက်ရန် စက်ယန္တရားကြီးများနဲ့ မြေညှိခြင်းလုပ်ငန်းများကို ဒီဇင်ဘာလ ၁၀ ရက်မှစတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ မြေညှိခြင်းလုပ်ငန်းများပြီးဆုံးပါက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်(ပြာသိုလပြည့်နေ့)မှာ ဘွဲ့နှင်းသဘင် ခန်းမဆောင် အသစ်အတွက် ရတနာအုတ်မြစ်စီမင်္ဂလာအခမ်းအနား ကျင်းပသွားမှာဖြစ်ပါတယ်။ အဆိုပါဘွဲ့နှင်းသဘင်ခန်းမဆောင်ကို သီတဂူဆရာတော်ကြီးဦးဆောင်၍ ဗုဒ္ဓတက္ကသိုလ်၏ ပညာရေးနှင့် ဘာသာရေးဆိုင်ရာ အရေးပါတဲ့လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ အသစ်ပြန်လည် တည်ဆောက်ခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS 004)
11 Dec