“ပဋိပက္ခများဖြစ်ပွားနေတဲ့ ဒေသများသို့ ခရီးသွားလာခြင်းကို ရှောင်ရှားကြရန် မြန်မာသံရုံးအသိပေး”

11 Dec

လတ်တလောဖြစ်ပွားလျက်ရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ပဋိပက္ခအခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားအနေနဲ့ အဆိုပါနေရာဒေသများသို့ ခရီးသွားလာခြင်းမှ ရှောင်ရှားကြရန် မြန်မာသံရုံး (ဖနောင်ပင်မြို့)က ဒီဇင်ဘာလ ၁၀ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။ ကမ္ဘောဒီးယားအစိုးရက ဖော်ပြတဲ့ ယုံကြည်စိတ်ချရသောသတင်းများ၊ ကြေညာချက်များနှင့် လုံခြုံရေး အခြေအနေများကို အချိန်နှင့်တပြေးညီ စောင့်ကြည့်လိုက်နာဆောင်ရွက်ရန်လည်း အသိပေးထုတ်ပြန်ထားပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေနဲ့လည်း လုံခြုံရေးကိုဂရုစိုက်ကြရန်နှင့် အခက်အခဲ တစ်စုံတစ်ရာကြုံတွေ့ပါက သံရုံးကို ဆက်သွယ်ပြီး အကူညီတောင်းခံနိုင်ကြောင်းလည်း အသိပေးထားပါတယ်။ (NVS 004)

11 Dec

ADVERTISE HERE .