ထိုင်း-ကမ္ဘောဒီးယား အသစ်တစ်ကြိမ်ဖြစ်ပွားသော ပဋိပက္ခကြောင့် ထိုင်းဘက်တွင် သေဆုံးသူ ၄ ဦး၊ ဒဏ်ရာ ရရှိသူ ၆၈ ဦး ရှိလာဟု ထိုင်းစစ်တပ်ဆို

10 Dec

ထိုင်း-ကမ္ဘောဒီးယားအကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံမှ စစ်သည် ၄ ဦးသေဆုံးကာ အခြား ထိုင်းစစ်သည် ၆၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းကြည်းတပ် ဒုတိယစစ်ဒေသကြီးက ဒီဇင်ဘာလ ၉ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။ ဒီဇင်ဘာလ ၉ ရက် ညနေ ၅ နာရီအထိ ကမ္ဘောဒီးယားစစ်တပ်သည် ဒေသအများအပြားရှိ ထိုင်းစစ်တပ်၏ အခြေစိုက်စခန်းနှင့် စခန်းနေရာများကို အပြင်းအထန်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ BM-21 အမြောက်ဒုံးကျည်အား ၁၂၅ ကြိမ်အသုံးပြု၍ အမြောက်ကျည် ၅,၀၀၀ ခန့် ပစ်ခတ်ခဲ့ကာ ဒရုန်း ၃၃ စင်း အသုံးပြုခဲ့ကြောင်း၊ ကမ္ဘောဒီးယား၏ တိုက်ခိုက်မှု အဓိကခံရသည့် ထိုင်းနိုင်ငံရှိဒေသများတွင် Ubon Ratchathani ပြည်နယ်၊ Si Sa Ket ပြည်နယ်နှင့် Surin ပြည်နယ်တို့ ပါဝင်ကြောင်း၊ ထိုင်းစစ်တပ်က သင့်လျော်သော လက်နက်အင်အားဖြင့် တုံ့ပြန်ခဲ့ပြီး လက်ရှိတွင် စစ်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ထိုင်းကြည်းတပ် ဒုတိယစစ်ဒေသကြီးက ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာအား အစွမ်းကုန်ကာကွယ် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)

10 Dec

ADVERTISE HERE .