ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အနေဖြင့် တင်းမာမှုအရှိန်မြင့်တက်မလာအောင် တားဆီးရေးအတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် တရုတ်နိုင်ငံတိုက်တွန်း

10 Dec

ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အနေဖြင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြရန်နှင့် နယ်စပ်တင်းမာမှု အခြေအနေ ပိုမိုအရှိန်မြင့်တက်မလာအောင် တားဆီးကြရန် တရုတ်နိုင်ငံကတိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာလ ၉ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကြား လတ်တလော နယ်စပ်ပဋိပက္ခဖြစ်ပွားပြီးနောက် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်း က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံနှင့်သာမက ထိုင်းနိုင်ငံနှင့်လည်း မိတ်ဆွေ၊ နီးကပ်သောအိမ်နီးချင်းဖြစ်သည့် အားလျော်စွာ တရုတ်နိုင်ငံအနေဖြင့် နှစ်ဖက်အကြား အပြန်အလှန်ညှိနှိုင်းဆောင်ရွက်ကြမည်ဟု စိတ်ရင်းစေတနာမှန်ကန်စွာဖြင့် မျှော်လင့်ပါကြောင်း ၎င်းက ဆိုသည်။ “တရုတ်နိုင်ငံအနေနဲ့ တင်းမာမှုတွေပြေလျော့စေဖို့နဲ့ အခြေအနေတွေ တည်ငြိမ်စေဖို့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်သွားမှာပါ” ဟု ကော က ထပ်လောင်းပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)

10 Dec

ADVERTISE HERE .