“မန်စီးတီးအသင်းကို ရှုံးနိမ့်ပါက ရာထူးကနေထုတ်ပယ်ခံရမယ့် အလွန်ဆို”

10 Dec

ရီးရဲလ်မက်ဒရစ်အသင်းဟာ အခုတစ်ပတ်ယှဥ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ပွဲစဥ်မှာ မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့ပါက နည်းပြ အလွန်ဆို ကို ရာထူးကနေ ထုတ်ပယ်သွားမယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။ အလွန်ဆို ရဲ့ ဦးဆောင်မှုအောက်မှာ အသင်းရဲ့ခြေစွမ်းနဲ့ ရလဒ်ပိုင်းက ကျေနပ်စရာမကောင်းခဲ့သလို၊ အလွန်ဆို နဲ့ ကစားသမားတချို့ရဲ့ဆက်ဆံရေး အဆင်မပြေဖြစ်နေတာကြောင့် ရီးရဲလ်တာဝန်ရှိသူတွေက အပြောင်းအလဲလုပ်ဖို့ စဥ်းစားနေပြီလို့လည်း သိရပါတယ်။ ရီးရဲလ်အသင်းဟာ လာမယ့် ဒီဇင်ဘာလ ၁၂ ရက်ညမှာ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ကစားနေရတာ ဖြစ်ပါတယ်။ နည်းပြ အလွန်ဆို ရာထူးကနေ ထုတ်ပယ်ခံရပါက အစားထိုးခန့်အပ်မည့်သူအဖြစ် ယာဂန်ကလော့ပ် နဲ့ ဇီဒန်း တို့က ရေပန်းစားနေပါတယ်။ (NVS 008)

10 Dec

ADVERTISE HERE .