“FA ဖလားပွဲမှာ မန်ယူ-ဘရိုက်တန်ပွဲ အပါအဝင် ပရီးမီးယားလိဂ်အသင်းအချင်းချင်း တွေ့ဆုံမှု လေးပွဲအထိရှိ”

10 Dec

FA ဖလား တတိယအဆင့်ပွဲစဉ်တွေကို ရေးဆွဲခဲ့ပြီး ပရီးမီးယားလိဂ်အသင်းအချင်းချင်း တွေ့ဆုံမှု လေးပွဲအထိ ပါဝင်နေခဲ့ပါတယ်။ အဆိုပါပွဲတွေကတော့ မန်ယူ-ဘရိုက်တန်၊ အက်စတွန်ဗီလာ-စပါး၊ အဲဗာတန်-ဆန်းဒါးလန်းနဲ့ နယူးကာဆယ်-ဘုန်းမောက်တို့က ထိပ်တိုက်တွေ့ဆုံမှာ ဖြစ်ပါတယ်။ လက်ရှိချန်ပီယံ ခရစ္စတယ်ပဲလေ့စ်အသင်းကတော့ ဆဋ္ဌမတန်း အဆင့်လိဂ်က မက်ကယ်ဖီးလ်နဲ့ ကစားရမှာဖြစ်ပါတယ်။ အခြားပရီးမီးယားလိဂ် ထိပ်တန်းအသင်းများနဲ့ တွဲဖက်ကာ အာဆင်နယ်-ပို့စ်မောက်၊ လီဗာပူးလ်-ဘန်စလေ၊ မန်စီးတီး-အိတ်စ်တာ၊ ချဲလ်ဆီး-ချာလ်တန်အသင်း တို့ရဲ့ ပွဲစဉ်များလည်း ရေးဆွဲထားရှိပါတယ်။ တတိယအဆင့်ပွဲတွေကို ဇန်နဝါရီလ ၁၀၊ ၁၁ ရက် ရက်သတ္တပတ်တွေမှာ ကစားမှာ ဖြစ်ပါတယ်။ (NVS 008)

10 Dec

ADVERTISE HERE .