“ကမ္ဘာ့ဖလားပြိုင်ပွဲမှာ Hydration Break ပေးမည်”

10 Dec

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရေဓာတ်ပြန်ဖြည့်ဖို့ Hydration Break ပေးသွားမယ်လို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(FIFA)က ကြေညာခဲ့ပါတယ်။ ပထမပိုင်းနဲ့ ဒုတိယပိုင်း တစ်ပိုင်းစီမှာ သုံးမိနစ်စီ အနားပေးသွားမှာ ဖြစ်ပါတယ်။ FIFA က ကစားသမားတွေရဲ့ ကျန်းမာရေးဟာ အဓိကဦးစားပေးဖြစ်ပြီး အသင်းအားလုံး တန်းတူအခွင့်အရေး ရရှိမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပထမပိုင်းရော ဒုတိယပိုင်းမှာပါ ပွဲချိန် ၂၂ မိနစ်ရောက်တိုင်း ခေတ္တရပ်ပြီး သုံးမိနစ်စီ အနားပေးမှာဖြစ်တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ ဘောလုံးပွဲစဉ်များ လက်ခံကျင်းပမယ့် ၁၆ ကွင်းအနက် ၁၀ ကွင်း ဟာ ရာသီဥတုအပူဒဏ် ခံရဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့အပတ်က အင်္ဂလန်အသင်းမန်နေဂျာ သောမတ်စ်တူဟယ်လ် က အရန်ကစားသမားတွေကို အဝတ်အစားလဲခန်းထဲမှာ ထားရှိဖို့ စဉ်းစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)

10 Dec

ADVERTISE HERE .