“(၃၃)ကြိမ်မြောက် ထိုင်းဆီးဂိမ်းစ် ခြင်းလုံးပြိုင်ပွဲမှာ မြန်မာအမျိုးသားအသင်းနဲ့ အမျိုးသမီးအသင်း ဦးဆောင်နေ”
10 Dec
(၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ခြင်းလုံးပွဲစဉ်တွေကို ဒီဇင်ဘာလ ၉ ရက်က စတင်ကျင်းပရာ ပထမနေ့ အပြီးတွင် မြန်မာအမျိုးသားအသင်းနဲ့ အမျိုးသမီးအသင်း တို့က ဦးဆောင်နေခဲ့ပါတယ်။ အမျိုးသားပြိုင်ပွဲမှာ မြန်မာအသင်းက ၅၄၅ မှတ်နဲ့ဦးဆောင်နေပြီး အိမ်ရှင်ထိုင်းအသင်းက ၅၀၁ မှတ်၊ လာအိုအသင်းက ၄၁၀ မှတ်၊ မလေးရှားအသင်းက ၁၆၇ မှတ်၊ တီမောအသင်းက ၆၈ မှတ် ရရှိထားပါတယ်။ အမျိုးသမီး ပြိုင်ပွဲမှာ မြန်မာအသင်းက ၄၆၁ မှတ်နဲ့ဦးဆောင်နေပြီး ထိုင်းအသင်းက ၃၉၄ မှတ်၊ လာအိုအသင်းက ၃၁၇ မှတ်၊ မလေးရှားအသင်းက ၁၁၈ မှတ် ရရှိထားပါတယ်။ ဒုတိယနေ့အဖြစ် ဒီဇင်ဘာလ ၁၀ ရက်တွင် ဆက်လက်ကျင်းပမှာ ဖြစ်ပြီး အဆိုပါပွဲစဉ်၌ ရမှတ်ရရှိမှုအပေါ်မူတည်ကာ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ် ချီးမြှင့်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲမှာလည်း မြန်မာအမျိုးသားအသင်းနဲ့ အမျိုးသမီးအသင်း နှစ်သင်းလုံးက ဒီဇင်ဘာလ ၁၀ ရက်မှာ ထိုင်းအသင်းတွေနဲ့ ဗိုလ်လုပွဲအဖြစ် တစ်ပြိုင်တည်း ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ပထမနေ့ပြိုင်ပွဲမှာ မြန်မာအမျိုးသားအသင်းက ၆၇၀ မှတ်ရရှိခဲ့ပြီး အိမ်ရှင်ထိုင်းအသင်းက ၉၀၀ မှတ်၊ ဘရူနိုင်း အသင်းက ၄၈၀ မှတ်၊ တီမောအသင်းက ၁၂၀ မှတ် ရရှိခဲ့ပါတယ်။ မြန်မာအမျိုးသမီးအသင်းကတော့ ၇၅၀ မှတ် ရရှိခဲ့ပြီး အိမ်ရှင် ထိုင်းအသင်းက ၉၇၀ မှတ်၊ ဖိလစ်ပိုင်အသင်းက ၆၀၀ မှတ်၊ လာအိုအသင်းက ၃၄၀ မှတ် ရရှိခဲ့တာဖြစ်တယ်။ (NVS 008)