“မန်ယူအသင်းကနေ နုတ်ထွက်ခဲ့တဲ့ ဂျွန်နီအီဗန့်စ်”

10 Dec

မန်ယူအသင်းရဲ့ နောက်ခံကစားသမား‌ဟောင်း ဂျွန်နီအီဗန်စ် ဟာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရာထူးကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၇ နှစ်အရွယ် အီဗန့်စ် ဟာ ကလပ်လူငယ်ကစားသမားတွေ အငှားချထားရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်နေခြင်းကို တာဝန်ယူထားသူဖြစ်ပါတယ်။ အီဗန့်စ် ဟာ ဘောလုံးဒါရိုက်တာ ဂျေဆင်ဝဲလ်ကော့ နဲ့အတူ လုပ်ဆောင်ရတာဖြစ်ပြီး ကစားသမားတွေ အမြင့်ဆုံးတိုးတက်နိုင်ဖို့နဲ့ လူငယ်ကြယ်ပွင့်တွေကို အသင်းကြီးအတွက် ပြင်ဆင်ပေးရတာ ဖြစ်ပါတယ်။ အီဗန့်စ် ဟာ ၂၀၂၄-၂၅ ရာသီကုန်မှာ ကစားသမားဘဝကနေ အနားယူပြီးပြီးချင်း တာဝန်ကို ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ အီဗန့်စ် အနေနဲ့ မိသားစုကိုအချိန်ပိုပေးဖို့ ဆန္ဒရှိနေပြီး ကလပ်အသင်းနဲ့လည်း ဘာပဋိပက္ခမှမရှိဘူးလို့ ပြောကြား ခဲ့ပါတယ်။ (NVS 008)

10 Dec

ADVERTISE HERE .