“ဂျေရုဆလင်အရှေ့ပိုင်းရှိ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီရုံးအား အစ္စရေးရဲတပ်ဖွဲ့ စီးနင်း”
10 Dec
ဂျေရုဆလင်အရှေ့ပိုင်းရှိ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီရုံးအား အစ္စရေး ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။ အစ္စရေးတာဝန်ရှိသူများသည် ရုံးအဆောက်အအုံရှိ ကုလသမဂ္ဂအလံအား ဖြုတ်ချခဲ့ပြီး အစ္စရေးအလံအား လွှင့်တင်ခဲ့ကာ ရုံးအတွင်းရှိ ဆက်သွယ်ရေးကိရိယာများနှင့် အခြားပစ္စည်းများကို သိမ်းဆည်းခဲ့သည်။ နိုင်ငံတကာ စည်းမျဉ်းအရ ကုလသမဂ္ဂအဖွဲ့ အဆောက်အအုံများအား ရှာဖွေသိမ်းဆည်းခွင့်မရှိကြောင်း သိရသည်။ ယခုကဲ့သို့ ရုံးအဆောက်အအုံတွင် ဝင်ရောက်ရှာဖွေခဲ့သည့် အစ္စရေး၏ဆောင်ရွက်ချက်အား ရှုတ်ချကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ် က ပြောသည်။ အစ္စရေးနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် ကုလသမဂ္ဂအဆောက်အအုံများကို ကာကွယ် စောင့်ရှောက်ရေးတွင် တာဝန်ရှိကြောင်း ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ တာဝန်ရှိသူ ဖိလစ်ပီလာဇရီ က ပြောသည်။ အစ္စရေးသည် ယခုနှစ် ဇန်နဝါရီလတွင် နိုင်ငံအတွင်းရှိ ပါလက်စတိုင်းဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ၏ လုပ်ငန်းဆောင်ရွက်ခွင့်များကို ရုပ်သိမ်းခဲ့သည်။ ဟားမတ်စ်အဖွဲ့၏ တိုက်ခိုက် မှုများတွင် ၎င်းအေဂျင်စီလုပ်သားများ ပါဝင်မှုကြောင့် ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း အစ္စရေးက ပြောသည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။