“ဂျပန်နိုင်ငံ၌ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ပြီး နာရီပေါင်းများစွာကြာပြီးနောက် ဆူနာမီသတိပေးချက်ကို ပြန်လည်ရုတ်သိမ်း”

10 Dec

ဂျပန်နိုင်ငံမြောက်ပိုင်း၌ ဒီဇင်ဘာလ ၈ ရက်ညပိုင်းတွင် အလွန်အင်အားပြင်းသည့် ငလျင်တစ်ခု လှုပ်ခတ်မှု ဖြစ်ပွားကြောင်းနှင့် လူပေါင်းများစွာဒဏ်ရာရရှိကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာလ ၉ ရက်တွင် ထုတ်ပြန် ထားသည်။ ပြင်းအား ၇ ဒသမ ၅ မဂ္ဂနီကျုရှိငလျင်သည် ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၅ မိနစ်တွင် အိုမိုရီ ပစိဖိတ် ကမ်းရိုးတန်း၏ မြေအောက်အနက် ၅၄ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခြင်းဖြစ်သည်။ အဆိုပါ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် မိုးလေဝသဌာနက အမြင့် ၃ မီတာအထိရှိသည့် ဆူနာမီလှိုင်း ဖြစ်ပေါ်နိုင်သည်ဟူသော သတိပေး ချက်ကို ထုတ်ပြန်ခဲ့သည်။ သို့သော် အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည့် ဆူနာမီလှိုင်း၏အမြင့်မှာ ၇၀ စင်တီမီတာသာ ရှိသောကြောင့် အဆိုပါ သတိပေးချက်ထုတ်ပြန်ပြီး နာရီများစွာအကြာတွင် ယင်းသတိပေးချက်ကို တာဝန်ရှိသူများက ပြန်လည်ရုပ်သိမ်း လိုက်ခြင်းဖြစ်သည်။ လက်ရှိတွင် ဂျပန်မိုးလေဝသဌာနက အဆိုပါငလျင်ကြီး၏ နောက်ဆက်တွဲအဖြစ် ငလျင်ငယ် များ ဆက်လက်ဖြစ်ပေါ်နိုင်သည့်အပြင် ကြီးမားသောငလျင်တစ်ခုလည်း ဖြစ်ပေါ်လာနိုင်ခြေရှိကြောင်း ထုတ်ပြန် ထားသည်။ အဆိုပါငလျင်ကြီးသည် ပြင်းအား ၈ မဂ္ဂနီကျုရှိနိုင်ပြီး လာမည့်ခုနစ်ရက်အတွင်း လှုပ်ခတ်နိုင်ကြောင်း နှင့် လှုပ်ခတ်နိုင်ခြေမှာ အပုံ ၁၀၀ လျှင် ၁ ပုံရှိကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

10 Dec

ADVERTISE HERE .