“ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းများမှာ ထိုင်းနိုင်ငံမှ ကူညီမည်”

10 Dec

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ထိုင်းနိုင်ငံ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံးမှ သင်တန်းနှင့် နည်းပညာအကူအညီများ ပေးအပ်မည်ဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းဖွဲ့ ညှိနှိုင်းအစည်းဝေးမှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှ ကူညီပေးမည့် ကိစ္စရပ်နှင့်ပတ်သက်ပြီး စီစဉ်ထားရှိရမယ့် အခြေအနေများကိုလည်း ဆက်လက်ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေး အကောင်ထည်ဖော်မှုဆိုင်ရာ (၁၆)ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာအပေါ် အာရှပစိဖိတ် ဒေသပူးတွဲအဖွဲ့(APJG)မှ အကဲဖြတ်သူများ၏ ထပ်မံမေးမြန်းအကြံပြုချက်များကို ထိရောက်မှန်ကန်စွာ ပြန်လည် ရှင်းလင်းဖြေကြားနိုင်ရေးအတွက် လိုအပ်သည့်အချက်အလက်များနှင့် ထပ်မံဖြည့်စွက်ဖြေကြားရမည့် အချက် အလက် များကို ကြိုတင်ပြင်ဆင်ထားရန် ပြောကြားခဲ့ပါတယ်။ အဆိုပါ (၁၆)ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာ အပေါ် မေးမြန်းထားတဲ့ မေးခွန်းများနှင့် ပြင်ဆင်ဆောင်ရွက် မှုများကို ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)

10 Dec

ADVERTISE HERE .