“နိုဝင်ဘာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သိန်းကျော်တင်ပို့ထား”
10 Dec
ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သိန်းကျော်တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။ အခုလိုတင်ပို့ရာမှာ ဆန်ကွဲတန်ချိန် ၁၄၆,၁၅၁ တန်နှင့် ဆန်တန်ချိန် ၁၁၇,၆၆၄ တန် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၇၆ သန်းရရှိထားကြောင်း သိရပါတယ်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလအထိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁,၇၈၇,၁၄၃ တင်ပို့ထားပြီး ယင်းမှပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၇၅ သန်းရရှိခဲ့ပါတယ်။ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရာမှာ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တင်ပို့ခြင်းဖြစ်ကာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အများဆုံးတင်ပို့ခြင်းဖြစ်ပါတယ်။ ဆန်နှင့်ဆန်ကွဲတင်ပို့မှု တန်ချိန်များအနေနဲ့ ဧပြီလမှာ ၁၄၂,၇၈၈ တန်၊ မေလတွင် ၂၅၉,၅၀၁ တန်၊ ဇွန်လမှာ ၂၁၂,၄၁၆ တန်၊ ဇူလိုင်လမှာ ၂၃၀,၆၇၂ တန်၊ ဩဂုတ်လမှာ ၁၉၂,၉၈၅ တန်၊ စက်တင်ဘာလမှာ ၁၆၈,၀၄၆ တန်၊ အောက်တိုဘာလမှာ ၃၁၆,၉၂၀ တန်နှင့် နိုဝင်ဘာလမှာ ၂၆၃,၈၁၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။ (NVS 004)