“မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း တရားမဝင်သွယ်တန်းထားသော ဝိုင်ဖိုင်ကြိုးများနှင့် ဆက်သွယ်ရေး ကြိုးများကို ဖယ်ရှားရှင်းလင်း”

10 Dec

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက မင်္ဂလာတောင်ညွန့်မြို့နယ် တစ်ဝိုက်မှာ တရားမဝင်သွယ်တန်းထားသော ဝိုင်ဖိုင်ကြိုးများနှင့် လျှပ်စစ်အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆက်သွယ်ရေးကြိုး များကို ဖယ်ရှားရှင်းလင်းခဲ့ပါတယ်။ အဆိုပါ ဆက်သွယ်ရေးဝိုင်ဖိုင်ကြိုးများက ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းပိုင် ဓာတ်အားလိုင်း တိုင်များပေါ်မှာ တရားမဝင်သွယ်တန်းထားခြင်းဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကနေ သိရပါတယ်။ ဒါ့အပြင် တရားဝင်ခွင့်ပြုထားတဲ့ ဆက်သွယ်ရေးကုမ္ပဏီများအနေနဲ့လည်း မြို့တော်အင်္ဂါရပ်များနှင့် အညီ စနစ်တကျသွယ်တန်းထားခြင်းရှိ/မရှိ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းမှုရှိ/မရှိ စစ်ဆေးခြင်းများကို ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ အခုလိုဆောင်ရွက်မှုကို မင်္ဂလာတောင်ညွန့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မင်္ဂလာတောင်ညွန့် မြို့နယ် လျှပ်စစ်မန်နေဂျာ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဝန်ထမ်းများ၊ တရားဝင်ခွင့်ပြုထားတဲ့ ဆက်သွယ်ရေး ကုမ္ပဏီများမှ ဝန်ထမ်းများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

10 Dec

ADVERTISE HERE .