“လွိုင်လင်လေးတိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်ပေးခဲ့”

10 Dec

ကယားပြည်နယ်ရှိ ဒေသခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဆေးရုံ၊ ဆေးပေးခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေပြီး လွိုင်လင်လေးမြို့ တိုက်နယ် ဆေးရုံးကို ဒီဇင်ဘာလ ၈ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်ဆီးခဲ့တဲ့ လွိုင်လင်လေး တိုက်နယ်ဆေးရုံကို ပြုပြင်မှုများဆောင်ရွက် ခဲ့ကာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအနေနဲ့ ကျန်းမာရေးဝန်ထမ်းများက ဒေသခံပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများ၊ ဆေးရုံအတွင်းရှိ ခွဲစိတ်ခန်း၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ ဆေးပေးခန်း၊ သားဖွားခန်း၊ ဆေးဝါးသိုလှောင်ခန်းနှင့် ပြင်ပလူနာဌာန ဖွင့်လှစ်ထားရှိမှု တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က ဆေးရုံအတွင်း မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးများနှင့် ကုသရေးလုပ်ငန်း သုံးပစ္စည်းများ ပြည့်စုံစွာထားရှိရေး၊ ဆေးကုသမှုလုပ်ငန်းများ စနစ်တကျဖြစ်စေရေး၊ ကျန်းမာရေးဝန်ထမ်းများ၏ နေထိုင်မှု အဆင်ပြေစေရေးတို့ကို စီမံပေးသွားရန်နှင့် ဆေးရုံဝင်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့ကို ဆောင်ရွက် သွားရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရပါတယ်။ (NVS 004)

10 Dec

ADVERTISE HERE .