“ပဲခူးတိုင်းဒေသကြီးသို့ ၁၀ လတာကာလအတွင်း ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည် ၃၉၀,၀ဝဝ ခန့် ဝင်ရောက်”

09 Dec

ပဲခူးတိုင်းဒေသကြီးသို့ ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာကာလအတွင်း ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည် ၃၉၀,၀၀၀ ခန့် ဝင်ရောက်လည်ပတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ကာလတူထက် ခရီးသွား ဧည့်သည် ၃၀,၀၀၀ ကျော် ပိုမိုဝင်ရောက်ခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ ပဲခူးတိုင်းဒေသကြီးအတွင်းမှာ ဘုရားစေတီပုထိုးတွေ အများအပြားတည်ရှိပြီး ခရီးသွားဧည့်သည်များ စဉ်ဆက်မပြတ် လာရောက်လည်ပတ်များပြားလျက်ရှိပါတယ်။ လက်ရှိတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ဘုရားဖူး ခရီးစဉ် ၃၂ ခု၊ Eco Tourism ရှစ်ခုနှင့် ယဉ်ကျေးမှုခရီးသွားနေရာ နှစ်ခု စုစုပေါင်းခရီးစဉ်နေရာဒေသ ၄၂ ခု ဖော်ဆောင်ထားပြီး အများအားဖြင့် ခရီးသွားဧည့်သည်များသည် ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီရွှေနန်းတော်၊ ရွှေမော်ဓော စေတီနှင့် ကျိုက်ပေါစေတီ စတဲ့ နေရာများသို့ သွားလာလည်ပတ်ကာ တခြားခရီးစဉ်ဒေသများသို့လည်း သွားရောက် လည်ပတ်မှုများရှိကြောင်း သိရပါတယ်။ (NVS-004)

09 Dec

ADVERTISE HERE .