“လပွတ္တာမြို့နယ်၌ ဒေသထွက်နေလှန်းဆားများ အရောင်းအဝယ်ကောင်းမွန်နေ”

09 Dec

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ်၌ ဒေသထွက်နေလှန်းဆားများ ဝယ်လိုအား ကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း လပွတ္တာမြို့နယ်မှ နေလှန်းဆားထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူထံမှ သိရပါတယ်။ လပွတ္တာမြို့နယ်၌ ယခုနှစ် ဒီဇင်ဘာလပထမပတ်မှ လက်ရှိအချိန်ထိ နေလှန်းဆားများ အရောင်းအဝယ် ကောင်းမွန်လျက်ရှိပြီး တစ်ရက်လျှင် နေလှန်းဆားပိဿာချိန် ၂,၅၀၀ ကနေ ၅,၀၀၀ ကျော်အထိ အရောင်းအဝယ် ဖြစ်နေပါတယ်။ အခုလို ဆားအရောင်းအဝယ်ကောင်းလာခြင်းကြောင့် ဆားထုတ်လုပ်တဲ့လုပ်ငန်းနဲ့ ဆက်စပ်တဲ့သူများ အနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး အဆင်ပြေလာကြောင်း သိရပါတယ်။ လပွတ္တာမြို့နယ်၌ ဆားလုပ်ငန်းလုပ်ကိုင်သူများက ဒေသထွက်နေလှန်းဆားများကို စနစ်တကျသန့်စင် ထုတ်လုပ်ပြီး ရန်ကုန်ဈေးကွက်သို့ အဓိကထားတင်ပို့ရောင်းချလျက်ရှိကာ အဆိုပါဒေသထွက် နေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ ငံပြာရည် စတဲ့ လုပ်ငန်းများတွင် အဓိကအသုံးပြုကြကြောင်း သိရပါတယ်။ (NVS-004)

09 Dec

ADVERTISE HERE .