“ဘာစီလိုနာအသင်းမှ ထွက်ခွာရန် အစီအစဉ်မရှိသေးဘူးလို့ဆိုတဲ့ ရာဖင်ဟာ”
09 Dec
ဆော်ဒီပရိုလိဂ်ကိုပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေပေမယ့် ရာဖင်ဟာ က ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ အစီအစဉ်မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဘဏ္ဍာရေးအခြေအနေနဲ့ ဆော်ဒီပရိုလိဂ်အသင်းတွေရဲ့ မြင့်မားတဲ့ပြောင်းရွှေ့ကြေးတွေ ကြောင့် ဘာစီလိုနာအသင်းက ရာဖင်ဟာ ကိုရောင်းချဖို့ ဆွဲဆောင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာ ဖြစ်ပါ တယ်။ ဆော်ဒီပရိုလိဂ်အသင်းတွေအနေနဲ့ တိကျသေချာတဲ့ ကမ်းလှမ်းမှုသာ ရောက်ရှိလာခဲ့ပါက ၂၀၂၆ ကမ္ဘာ့ဖလား အပြီးမှာ ရာဖင်ဟာ ကို ဘာစီလိုနာအသင်းက ရောင်းချသွားဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ် ဒါပေမယ့် ဘာစီလိုနာအသင်းရဲ့ အနာဂတ်စီမံကိန်းတွေမှာ သူကအရေးပါတယ်ဆိုပြီး ပြောကြားမှုနဲ့အတူ ရာဖင်ဟာ က အပြောင်းအရွှေ့သတင်းတွေကို ချေဖျက်ခဲ့ပါတယ်။ နည်းပြ ဖလစ်ခ် လက်ထက်မှာ ရာဖင်ဟာ က အသင်းရဲ့ အဓိကကစားသမားတစ်ယောက်ဖြစ်သလို အသင်း ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ ရာဖင်ဟာ ရဲ့စာချုပ်က ၂၀၂၈ နွေရာသီအထိ သက်တမ်းရှိနေသေးတာ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ရာဖင်ဟာ ကတော့ ကစားသမားဘဝကို ဘာစီလိုနာအသင်းမှာ ကုန်ဆုံးသွားဖို့ ဆန္ဒ ရှိတယ်လို့ ပြောကြားသွားပါတယ်။ (NVS 008)