“၂၀၂၆ ဆစ်ဒနီစူပါဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ချဲလ်ဆီးအသင်းနဲ့ စပါးအသင်း”

09 Dec

၂၀၂၆ ဇူလိုင်ကနေ သြဂုတ်လအတွင်း သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ကျင်းပပြုလုပ်မယ့် ဆစ်ဒနီစူပါဖလား ပြိုင်ပွဲမှာ လန်ဒန်ထိပ်သီး ချဲလ်ဆီးအသင်းနဲ့ စပါးအသင်းတို့ ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ ပြိုင်ပွဲမှာ ဆစ်ဒနီမြို့ခံ ကလပ်အသင်းနှစ်သင်းဖြစ်တဲ့ ဆစ်ဒနီ FC နဲ့ ဝက်စ်တန်းဆစ်ဒနီ ဝမ်းဒါးရားစ်အသင်း တို့နဲ့ အတူ စုစုပေါင်း ၄ သင်း ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ရှင်ကလပ်တွေက တစ်ပွဲစီသာ ယှဉ်ပြိုင်မှာဖြစ်ပြီး ဝက်စ်တန်းဆစ်ဒနီဝမ်းဒါးရားစ်က ချဲလ်ဆီး၊ ဆစ်ဒနီ FC က စပါးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ စပါးအသင်းတို့ကတော့ ပရီးမီးယားလိဂ်အသင်းအချင်းချင်း ထိပ်တိုက်ရင်ဆိုင်ရမယ့်ပွဲလည်း ပါဝင်နေတာကြောင့် လန်ဒန်ဒါဘီပွဲကို သြစတြေးလျမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးအမျိုးသမီးအသင်း ကလည်း အေလိဂ်အမျိုးသမီး All-Stars အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ်လို့ သိရပါတယ်။(NVS 008)

09 Dec

ADVERTISE HERE .