“နှစ်ပွဲဆက်နိုင်ပွဲရခဲ့တဲ့ မြန်မာအမျိုးသမီးအသင်း”
09 Dec
ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၅ ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့ အုပ်စု(B)ပွဲစဥ်တွေကို ဒီဇင်ဘာလ ၉ ရက်က ယှဥ်ပြိုင်ခဲ့ရာမှာ မြန်မာအသင်းက မလေးရှားအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ နှစ်ပွဲဆက်နိုင်ပွဲနဲ့အတူ ရမှတ် ၆ မှတ်ရရှိကာ အုပ်စုပထမနေရာရယူ ထားခဲ့ပြီး ဖိလစ်ပိုင်အသင်းနဲ့ ဗီယက်နမ်အသင်းတို့က ရမှတ် ၃ မှတ်စီနဲ့ ရမှတ်တူနေပါတယ်။ ဒါကြောင့် အုပ်စုနောက်ဆုံးပွဲမှာ မြန်မာနဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ မလေးရှားတို့ ယှဥ်ပြိုင်ကစားရမှာဖြစ်ပြီး မြန်မာအသင်းအနေနဲ့ ရှုံးနိမ့်လို့မရတဲ့ အနေအထား ဖြစ်ပေါ်နေပါတယ်။ အုပ်စုနောက်ဆုံးပွဲတွေကို ဒီဇင်ဘာလ ၁၁ မှာ ယှဥ်ပြိုင်ကစားရမှာဖြစ်ပြီး အုပ်စုပထမနဲ့ ဒုတိယရရှိတဲ့အသင်း တွေက ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ (NVS 008)
09 Dec