“ကချင်ပြည်နယ်မှာ ‘ဒို့အတူတူမဲပေးကြမယ်’ Bill Board စိုက်ထူပေး”
09 Dec
ဒီဇင်ဘာလ ၂၈ ရက်မှစတင်ပြီး အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပိုမိုပါဝင်၍ ဆန္ဒမဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” Bill Board ကို ဒီဇင်ဘာလ ၈ ရက်က ကချင်ပြည်နယ်ရှိ မြို့များမှာ စိုက်ထူပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ Bill Board များကို မြစ်ကြီးနားမြို့၊ ပြည်ထောင်စုလမ်းနှင့် ဆွမ်ပရာဘွမ်လမ်းဆုံ၊ စည်ပင်လမ်းနှင့် ပြည်ထောင်စုလမ်းမကြီးလမ်းဆုံ၊ ပူတာအိုမြို့၊ မြို့မရပ်ကွက် မနက်ဈေးနေရာ၊ တနိုင်းမြို့၊ စည်ပင်သာယာဈေးရှေ့၊ မြို့နယ်ပန်းခြံရှေ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၊ မိုးညှင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းဘေး ပြည်ထောင်စုလမ်းမကြီးမီးပွိုင့်လမ်းဆုံနှင့် အများပြည်သူဖြတ်သန်းသွားလာရာ အချက်အချာကျတဲ့ နေရာများမှာ စိုက်ထူခဲ့ကြပါတယ်။ “ဒို့အတူတူ မဲပေးကြမယ်”အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိ သူများ၊ ပြည်နယ်/ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများက ဖြန့်ဝေခဲ့ကြကြောင်း သိရ ပါတယ်။(NVS 004)