“အောက်တိုဘာလအတွက် မိသားစုလွှဲပို့ငွေ လချုပ်စာရင်းပေးပို့ရန် အေဂျင်စီ ၆၄ ခုအထိ ကျန်ရှိနေသေး”

09 Dec

၂၀၂၅ ခုနှစ် အောက်တိုဘာလအတွက် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ လချုပ်စာရင်းပေးပို့ရန် အေဂျင်စီ ၆၄ ခု ကျန်ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။ အဆိုပါအေဂျင်စီများအနေဖြင့် ဒီဇင်ဘာလ ၁၀ ရက် နောက်ဆုံးထားပြီး dolmigrationremittance@gmail. com သို့ အချိန်မီပေးပို့ကြရန်နှင့် အချိန်မီပေးပို့ခြင်းမရှိပါက ဒဏ်ကြေးကောက်ခံသွားမည်ဖြစ်ကြောင်း အသိပေးထား ပါတယ်။ အေဂျင်စီများအနေနဲ့ အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ အထောက်အထားတင်ပြရာတွင် အနည်းဆုံး ၄၁ ရာခိုင်နှုန်းသာတင်ပြရန် သက်ဆိုင်ရာက ဖြေလျှော့ပေးထားပြီး အလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လမှစ၍ နိုင်ငံအလိုက် မိသားစုလွှဲပို့ငွေစာရင်း တင်ပြနိုင်ခြင်းမရှိတဲ့ အေဂျင်စီများကို အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များ ယာယီဆိုင်းငံ့သွားမည်ဖြစ်ကြောင်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလက အသိပေးထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။ ထုတ်ပြန်ချက်အရ အေဂျင်စီများအနေဖြင့် အလုပ်သမားများ၏ ၃ လစာ မိသားစုငွေလွှဲပြောင်းပေးထားတဲ့ အထောက်အထားများကို အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

09 Dec

ADVERTISE HERE .