“ဩစတြေးလျနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေး”

09 Dec

ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့မှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများ‌အနေနဲ့ ၂၀၂၅ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ဒီဇင်ဘာလ ၅ ရက်နှင့် ၇ ရက်တို့မှာ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ကင်ဘာရာမြို့ရှိ မြန်မာသံရုံးမှာ မဲရုံဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပြည်ပရောက်မြန်မာနိုင်ငံသားများ ကြိုတင် ဆန္ဒမဲပေးနိုင်ရန် နံနက် ၁၀ နာရီကနေ ညနေ ၅ နာရီထိ ဖွင့်လှစ်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါမဲရုံသို့ ဩစတြေးလျ နိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများ၊ မြန်မာသံရုံးမှ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များက ကြိုတင်ဆန္ဒမဲများ ပေးခဲ့ပါတယ်။ လာမယ့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး အပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အသိပေး ထားပြီးဖြစ်ပါတယ်။ ယခုအချိန်မှာ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို ကြေညာထားတာဖြစ်ပြီး ကြိုတင်ဆန္ဒမဲ‌ ပေးခြင်းများကိုလည်း သက်ဆိုင်ရာနိုင်ငံသံရုံးများမှာ လုပ်ဆောင်လျက်ရှိနေပါတယ်။ (NVS 004)

09 Dec

ADVERTISE HERE .