“တိုကျိုမြို့ရှိ မြန်မာသံရုံးအမည်နဲ့ အွန်လိုင်းလောင်းကစားစာမျက်နှာတစ်ခု ဖွင့်လှစ်နေကြောင်း အသိပေးထား”
09 Dec
မြန်မာသံရုံး၊ တိုကျိုမြို့မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမတိုင်မီက အသုံးပြုခဲ့တဲ့ website အမည်ကိုတုပ၍ အွန်လိုင်းလောင်းကစားစာမျက်နှာတစ်ခု ဖွင့်လှစ်အသုံးပြုနေကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့က ဒီဇင်ဘာလ ၈ ရက် မှာ အသိပေးထုတ်ပြန်ပါတယ်။ myanmar-embassy-tokyo.net ကိုအသုံးပြုကာ MYANMAR EMBASSY TOKYO အမည်ဖြင့် အွန်လိုင်း လောင်းကစား စာမျက်နှာတစ်ခု ဖွင့်လှစ်အသုံးပြုနေကြောင်း စိစစ်တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် တိုကျိုမြို့ရဲ့ မြန်မာသံရုံးအနေနဲ့ တရားဝင် website ဖြစ်တဲ့ myanmarembassytokyo. org ကိုသာ အသုံးပြုလျက်ရှိကြောင်းနှင့် myanmar-embassy-tokyo.net တွင် ဖော်ပြထားရှိမှုများနှင့် အဆိုပါ website က မြန်မာသံရုံး၊ တိုကျိုမြို့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း အသိပေးထားပါတယ်။ (NVS 004)
09 Dec