“ရန်ကုန်တိုင်းဒေသကြီးမှာ စားအုန်းဆီတန်ချိန် ၁၄,၈၅၀ တန် နေ့စဉ်ဖြန့်ဖြူးပေးလျက်ရှိ”
09 Dec
ရန်ကုန်တိုင်းဒေသကြီးအတွင်း စားအုန်းဆီတန်ချိန် ၁၄,၈၅၀ တန်ကို နေ့စဉ်ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင် က ဒီဇင်ဘာလ ၇ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ခန်းမမှာကျင်းပတဲ့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရပါတယ်။ ရန်ကုန်မြို့မှာ လူဦးရေ ၈ သန်းနီးပါးရှိပြီး ပိဿာချိန်အားဖြင့် နေ့စဉ် ၉ သန်းကျော် ဖြန့်ဖြူးပေးနေပြီး လူတစ်ဦးကို တစ်ပိဿာဝန်းကျင် ဖြန့်ဖြူးပေးနေကြောင်း သိရပါတယ်။ စားအုန်းဆီရောင်းချမှုအနေနဲ့ ဈေးများမှာ ဆီစာအုပ်နဲ့ ရောင်းချပေးနေပြီး Door to door စနစ်၊ ပင်စင်ထုတ်ချိန်မှာ ပင်စင်ထုတ်ယူသူများကို တစ်ဦးလျှင် ၂ ပိဿာခွဲ ရောင်းချပေးနေလျက်ရှိပါတယ်။ ဒါ့အပြင် အပလီကေးရှင်းဖြင့် ဝယ်ယူနိုင်ရေးကိုပါ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)