“ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုခွဲဝေမှုကို ထုတ်ပြန်ကြေညာ”

08 Dec

အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါတို့ ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပမည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားအတွက် အုပ်စုခွဲဝေမှု ထွက်ပေါ်ခဲ့ပြီ ဖြစ်ပါတယ်။ အုပ်စုခွဲဝေမှုအရ ဘရာဇီးအသင်းက စကော့တလန်၊ မော်ရိုကိုတို့နှင့် အုပ်စု (C) မှာ ကျရောက်နေပါတယ်။ မော်ရိုကိုအသင်းက ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဆီမီးဖိုင်နယ်အထိ တက်ရောက်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ နာမည်ကြီး အင်္ဂလန်အသင်းက အုပ်စု (L) ၌ ဥရောပပြိုင်ဘက် ခရိုအေးရှား၊ ဂါနာအသင်းတို့နှင့် တွေ့ဆုံနေပါတယ်။ ပေါ်တူဂီအသင်းက အုပ်စု (K) တွင် ကိုလံဘီယာ၊ ဥဇဘတ်ကစ္စတန်အသင်းတို့နှင့် ယှဉ်ပြိုင်ရမှာ ဖြစ်ကာ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းက အယ်ဂျီးရီးယား၊ သြစတြီးယား၊ ဂျော်ဒန်တို့နှင့် အုပ်စု (J) ၌ တစ်အုပ်စုတည်းကျရောက်နေပါတယ်။ ဒါ့အပြင် ပြင်သစ်အသင်းဟာ နော်ဝေနှင့် အုပ်စု(I)တွင် တစ်အုပ်စုတည်း ကျရောက်နေခဲ့ပါတယ်။ အုပ်စုခွဲဝေမှုတွေ ထွက်ပေါ်လာပြီးနောက် အင်္ဂလန်နည်းပြ တူချဲလ် က မိမိတို့အသင်းကျရောက်နေတဲ့ အုပ်စုဟာ ခက်ခဲမှုရှိ‌ကြောင်းနှင့် ပြိုင်ဖက်အသင်းများကို လျှော့တွက်လို့ မရကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။ (NVS 008)

08 Dec

ADVERTISE HERE .