“အုပ်စုအဖွင့်ပွဲစဉ်အတွင်း အင်ဒိုနီးရှားနှင့် ထိပ်တိုက်တွေ့ဆုံမည့် မြန်မာအမျိုးသမီးဖူဆယ်ဘောလုံးအသင်း”

08 Dec

ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အမျိုးသမီး ဖူဆယ်ဘောလုံးအသင်းက ဒီဇင်ဘာလ ၁၃ ရက် အုပ်စုအဖွင့်ပွဲစဥ်မှာ အင်ဒိုနီးရှားအသင်းနှင့် ထိပ်တိုက်တွေ့ဆုံနေပါတယ်။ ဆီးဂိမ်းပြိုင်ပွဲ အုပ်စုပွဲစဉ်များအဖြစ် ဒီဇင်ဘာလ ၁၃ ရက်၌ အင်ဒိုနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီဇင်ဘာလ ၁၄ ရက်မှာ ဗီယက်နမ်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသမီး ဖူဆယ်အသင်းဟာ ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ ထိုင်းနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပြီး Pranburi မြို့ရှိ Imane Stadium မှာ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း အဖွဲ့ချုပ်ထံက သိရပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီး၊ အမျိုးသားအသင်းများ၏ ဆီးဂိမ်းပြိုင်ပွဲ ပွဲစဉ်များကို၊ Channel 7 ၊ Reader Channel နဲ့ HTV Sport Channel များမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

08 Dec

ADVERTISE HERE .