“ဘွန်ဒစ်လီဂါမှာ ဟက်ထရစ် ၁၀ ကြိမ်ပြည့်ခဲ့တဲ့ ဟာရီကိန်း”

08 Dec

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်း ဟာ စတုဂတ်ကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ဟက်ထရစ် ၁၀ ကြိမ် ပြည့်မြောက်ခဲ့ပါတယ်။ ဟာရီကိန်းအနေနဲ့ ၆၀ မိနစ်မှာ လူစားဝင်ကစားပြီး ၆၆၊ ၈၂ (ပယ်နယ်တီ)၊ ၈၈ မိနစ်မှာ ဂိုးများသွင်းပေးခဲ့ပြီး ဟက်ထရစ် ရရှိခဲ့တာဖြစ်တယ်။ ဟာရီကိန်း ဟာ ဘွန်ဒစ်လီဂါ ၇၆ ပွဲမှာ ဟက်ထရစ် ၁၀ ကြိမ်ပြည့်ခဲ့ပြီး အခုရာသီမှာတော့ လိုက်ပ်ဇစ်၊ ဟော်ဖန်ဟင်မ်တို့နဲ့ ပွဲတွေမှာ သွင်းယူနိုင်ခဲ့ပြီးနောက် တတိယမြောက် ဟက်ထရစ်လည်း ဖြစ်ခဲ့တယ်။ ဟာရီကိန်းဟာ အခုရာသီမှာ ပြိုင်ပွဲစုံ ၂၂ ပွဲကစားကာ ၂၈ ဂိုးအထိ သွင်းယူထားပြီး ဘွန်ဒစ်လီဂါမှာ ၁၇ ဂိုးနဲ့ ဦးဆောင်နေပြီး ဒုတိယသွင်းဂိုးအများဆုံး ကစားသမားကို ၉ ဂိုး အသာရထားပါတယ်။ (NVS 008)

08 Dec

ADVERTISE HERE .