“ထိုင်းဆီးဂိမ်းစ်မှာ ရလဒ်ကောင်းနေတဲ့ မြန်မာအမျိုးသမီးဘောလုံးအသင်း”

08 Dec

မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ ၂၀၂၅ ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲရဲ့ အုပ်စုဒုတိယပွဲစဉ်အဖြစ် မလေးရှား အသင်းနဲ့ ဒီဇင်ဘာလ ၈ ရက်ညနေ ၃ နာရီခွဲမှာ ယှဉ်ပြိုင်ကစားရမယ်လို့ သိရပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုအဖွင့်ပွဲမှာ ဖိလစ်ပိုင်ကို ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိထားပြီး မလေးရှားအသင်း ကတော့ လက်ရှိချန်ပီယံ ဗီယက်နမ်ကို ၇ ဂိုးပြတ်နဲ့ ရှုံံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာအသင်းက အုပ်စုဒုတိယနေရာမှာရှိနေပြီး မလေးရှားအသင်းကတော့ အုပ်စုအောက်ဆုံးမှာ ရောက်ရှိနေပါတယ်။ အခုပွဲကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါက မြန်မာအမျိုးသမီးအနေနဲ့ နောက်တစ်ဆင့်တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ (NVS 008)

08 Dec

ADVERTISE HERE .