“အာရှ နှင့် မြန်မာနိုင်ငံအတွက် ပထမဆုံး UFC ဖလိုင်းဝိတ်ချန်ပီယံဖြစ်လာတဲ့ ဂျိုရှူအာဗန်”
08 Dec
UFC 323 ပွဲစဥ် ဖလိုင်းဝိတ်တန်း ချန်ပီယံစိန်ခေါ်ပွဲမှာ ချင်းတိုင်းရင်းသား မြန်မာ MMA ကစားသမား ဂျိုရှူအာဗန် က လက်ရှိချန်ပီယံ ပန်တိုဂျာ ကို အနိုင်ရယူခဲ့ပြီး UFC ဖလိုင်းဝိတ်တန်း ချန်ပီယံဖြစ်လာခဲ့ပါတယ်။ ပွဲအစပထမအချီ ၂၆ စက္ကန့်မှာတင် ပန်တိုဂျာ က ဂျိုရှူအာဗန်ကို ခြေကန်ချက်နဲ့ တိုက်ခိုက်ပြီး ပြန်အကျမှာ လက်ထိခိုက်ခဲ့တာကြောင့် ဆက်လက်မထိုးနိုင်တော့လို့ အရှုံးပေးခဲ့ရတာ ဖြစ်တယ်။ အသက် ၂၄ နှစ်သာရှိသေးတဲ့ ဂျိုရှူအာဗန် အနေနဲ့ UFC ပြိုင်ပွဲမှာ ဒုတိယမြောက် အသက်အငယ်ဆုံး ချန်ပီယံအဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် UFC ရဲ့ ပထမဆုံးအာရှအမျိုးသားနဲ့ မြန်မာကစားသမား ချန်ပီယံအဖြစ် မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပါတယ်။ ဂျိုရှူအာဗန် ဟာ UFC မှာ ၁၀ ပွဲ ထိုးသတ်ပြီးနောက် ချန်ပီယံဖြစ်လာခဲ့ပြီး နောက်ဆုံးခြောက်ပွဲဆက် အပါအဝင် ကိုးပွဲအထိ အနိုင်ရကာ တစ်ပွဲသာ အရေးနိမ့်ခဲ့ပါတယ်။ (NVS 008)