“ကြံ ၁ တန်လျှင် စက်ရုံအရောက်ဈေး ၁၇၀,၀၀ဝ ကျပ်နှုန်းနဲ့ဝယ်ယူ”

08 Dec

၂၀၂၅-၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီချိန်မှာ ကြံ ၁ တန်လျှင် စက်ရုံအရောက်ဈေး ၁၇၀,၀၀ဝ ကျပ်နှုန်းနဲ့ ဝယ်ယူသွားမည်ဖြစ်ကြောင်း သကြားစက်ရုံများက အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ကြံစိုက်တောင်သူများမှလည်း ကြံများကို အဖူး၊ အမြစ်၊ အမှိုက်များကင်းစင်ပြီး သန့်ရှင်းလတ်ဆတ်သော ကြံများကိုသာ သယ်ယူရောင်းချပေးရန်လည်း မေတ္တာရပ်ခံထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ကြံကြိတ်ခွဲရာသီမှာ ကြံတစ်တန်ကို စက်ရုံအရောက် ငွေကျပ် ၁၈၀,၀၀၀ မှ ၂၀၀,၀၀၀ နှုန်းအထိ ဈေးကောင်းပေး၍ ဝယ်ယူခဲ့ပါတယ်။ ပြည်တွင်း၌ စုစုပေါင်းကြံစိုက်ဧက ၄၅၀,၀၀၀ ဝန်းကျင်ရှိပြီး တစ်နိုင်ငံလုံးတွင် သကြားစက်ရုံပေါင်း ၂၄ ရုံ ရှိကာ ပြည်တွင်းရှိ သကြားစက်ရုံများ၏ ကြံကြိတ်တဲ့ကာလမှာ နှစ်စဉ် နိုဝင်ဘာလနောက်ဆုံးပတ်မှ ဧပြီလအထိ ဖြစ်ပါ တယ်။ သကြားစက်ရုံများမှ ထွက်ရှိလာသော သကြားများကို ပြည်တွင်းစားသုံးမှုဖူလုံစေရန် အဓိကထား ဖြန့်ဖြူး လျက်ရှိပြီး ပိုလျှံသောသကြားများကို ဗီယက်နမ်နိုင်ငံသို့ ဦးစားပေးတင်ပို့လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ကြံကို စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၌ အများဆုံးစိုက်ပျိုးပြီး ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက် ခြမ်းတို့မှာ ဒုတိယအများဆုံးစိုက်ပျိုးကြကာ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှာလည်း စိုက်ပျိုးမှု အနည်းငယ်ရှိကြောင်း သိရပါတယ်။ (NVS 004)

08 Dec

ADVERTISE HERE .