“ငလျင်ကြောင့်ပျက်ဆီးခဲ့တဲ့ စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်စေတီအပါအဝင် အခြားစေတီတော်များကို အကြီးစား ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ”

08 Dec

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ စစ်ကိုင်းမြို့၊ စူဠာမဏိ ကောင်းမှုတော်စေတီတော်ကြီးကို လုံးတော်ပြည့် အကြီးစားပြန်လည်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ စေတီတော်ကြီးအား လုံးတော်ပြည့်ပြင်ဆင်နေသလို စေတီတော်ရင်ပြင်ရှိ သာသနိကအဆောက်အဦများကို ပြန်လည်ပြုပြင်မွမ်းမံလျက်ရှိပြီး နေပူခံကျောက်ပြားများလည်း ခင်းကျင်းလျက်ရှိကာ စေတီတော်တောင်ဖက်မုခ်ရှိ အာရုံခံတန်ဆောင်းကိုလည်း ပြန်လည်ပြုပြင်မွမ်းမံလျက်ရှိပါတယ်။ အဆိုပါ ပြုပြင်မွမ်းမံနေမှုများကို ဒီဇင်ဘာလ ၅ ရက် က စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့ပါတယ်။ ဒါ့အပြင် စစ်ကိုင်းမြို့ရှိ ထူပါရုံစေတီတော်နှင့် မဟာစေတီကြီးစေတီတော်များကို လုံးတော်ပြည့် ပြန်လည်မွမ်းမံပြုပြင်လျက်ရှိပြီး စေတီတော်ကြီး ရင်ပြင်ရှိ သာသနိကအဆောက်အဦများ၊ အာရုံခံတန်ဆောင်းများ ပြန်လည်မွမ်းမံ တည်ထားလျက်ရှိပါတယ်။ ထို့အတူ ဥာဏ်တော် ၅၄ ပေရှိ စေတီလှစေတီတော်နှင့် ဥာဏ်တော် ၁၀၈ ပေရှိ မဟိယင်္ဂဏစေတီတော်၊ ထုံးဘိုရပ်ကွက်ရှိ ရှင်ပင်နံကိုင်းစေတီတော် နှင့် သောတာပန်ရပ်ကွက်ရှိ လေးကျွန်းမာရ်အောင်စေတီတော် တို့ကို အသစ်ပြန်လည်မွမ်းမံလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

08 Dec

ADVERTISE HERE .