“ဟောင်ကောင်၊ မကာအို ရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးခြင်းများဆောင်ရွက်”
08 Dec
လာမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးရန် မြန်မာကောင်စစ်ဝန် ချုပ်ရုံး၊ ဟောင်ကောင်မြို့မှာ မဲရုံဖွင့်လှစ်မှုကို ဒီဇင်ဘာလ ၆ ရက်နှင့် ၇ ရက်တို့မှာ နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီအထိ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသနှင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသတို့မှာ ရောက်ရှိနေတဲ့ မြန်မာ နိုင်ငံသား မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲများပေးခဲ့ကြောင်း သိရပါတယ်။ ပြည်ပရောက်မြန်မာနိုင်ငံသားများအနေနဲ့ ကြိုတင်ဆန္ဒမဲပေးခြင်းများကို သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ကောင်စစ်ဝန်ရုံးများမှာ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ ရက်မှာ မြို့နယ် ၁၀၂ မြို့နယ်၌ စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် မြို့နယ် ၁၀၀ မြို့နယ်မှာ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားပါတယ်။ (NVS 004)